မြောင်းမြ စက်တင်ဘာလ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က လူစည်ကားရာ စျေးများ၊ ကျောင်းများ၊ လမ်းများတွင် Mask Campaign ပြုလုပ်ပြီး အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရခြင်းမှာ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ နေအိမ်ပြင်ပ သို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask)များ ကို (အခမဲ့) ဖြန့်ဝေပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ နေထိုင်သွားလာကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)