ကော့သောင်း စက်တင်ဘာ ၇
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဟတ်စဒင်းကျေးရွာနှင့် အောက်ကြပ်(၂)ကျေးရွာ ရှစ်ကွင်းကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့်၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၇၅.၅၈၉)ကျပ်သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီ KST Tanintharyi Co,Ltd မှ ယခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိသည့် ဟတ်စဒင်းကျေးရွာတွင်(၁/၄)မိုင် ကုန်ထုတ်လမ်းနှင့် Southern Winner Co,Ltd မှ တာဝန်ယူကာပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ(၂၀.၃၃၀)ကျပ်ဖြင့် အရှည်(ဝ.၃)မိုင်ရှိ အောက်ကြပ်-၂ကျေးရွာ၊ရှစ်ကွင်းကုန်ထုတ်လမ်း၊ ခွင့်ပြုရန်ပုံငွေ (၅၀.၉၂၅)ကျပ်ဖြင့် အရှည်(၂၀)ပေ တံတားတစ်စင်း တို့ဖြစ်သည်။
ကုန်ထုတ်လမ်းများ ဖောက်လုပ်နေမှုအခြေအနေအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ တာဝန်ခံအင်ဂျင်နီယာများ၊ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြခြင်းဖြစ်ပြီး ကုန်ထုတ်လမ်း များ ဖောက်လုပ်ပြီးစီးပါကဟတ်စဒင်းကျေးရွာ ဥယျာဉ်ခြံမြေစိုက်ပျိုးဧက (၈၅၀)နှင့် အောက်ကြပ်-၂ ကျေးရွာ ဥယျဉ်ခြံမြေစိုက်ပျိုးဧက (၁၂၀၀)တို့မှ ထွက်ရှိလာမည့်စိုက်ပျိုးရေးထုတ်ကုန်များကို ဈေးကွက်သို့အဆင်ပြေလွယ်ကူမြန်ဆန်စွာ တင်ပို့ရောင်းချနိုင်မှု အကျိုးကျေးဇူးများဖြစ်ထွန်း လာမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)