ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေ အောက်ရေကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် မိုးရာသီတွင် ပဲမြစ်နှင့်နေကြာသီးနှံများ အဓိကစိုက်ပျိုးကြပြီး ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲမြစ်စိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းမွန်စွာ ပြုပြင်ထားရပြီး မျိုးရွေးချယ်မှုသည် အရေးကြီးကြောင်း မျိုးရွေးချယ်မှု မှန်ကန်မှသာ ပဲမြစ်အထွက်နှုန်းကောင်း၍ ရောင်းချရာတွင် ဝယ်ယူသူများပြားကြောင်းနှင့် တစ်ဧကစိုက်ပျိုးမည်ဆိုပါ မျိုးစေ့တစ်တင်း အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် လယ်တစ်ဧကတွင် ငွေကျပ်(၅)သိန်းကျပ်မှ (၇)သိန်းကျပ်ခန့်ကုန်ကျကြောင်း တောင်သူဦးဝင်းကို စိုက် ပျိုးထားသော ပဲမြစ်စိုက်ပျိုးသူများထံမှ သိရသည်။
ပဲမြစ်သီးနှံသည် သက်တမ်းအားဖြင့် (၄)လမှ(၅)အထိကြာမြင့်ကြောင်း မျိုးရွေးချယ်မှု မှန်ကန်ပြီး အပင်ပြုစုမှုကောင်းမွန်ပါက လယ်တစ်ဧတွင် ပိသာချိန်(၉)ရာမှ(၁၀၀၀)အထိထွက်ရှိပြီး တစ်ပိဿာငွေကျပ်(၁၁၀၀)မှ(၁၂၀၀)ကျပ်အထိရောင်းရောင်းချရသဖြင့် အကျိုးအမြတ်များသည့် သီးနှံ တစ်မျိုးဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)