ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ အန္တရာယ်ရှိသော ကျောင်းဆောင်တစ်ဆောင်အားဖျက်သိမ်းပြီး (၂)ထပ်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်မှခွင့်ပြုရန်ပုံငွေ (၂၃၂.၈၃၀)ကျပ်သန်းဖြင့် Yoon Dana Hiling ကုမ္ပဏီမှ တာဝန်ယူကာ အလျား (၁၀၀)ပေ၊ အနံ(၃၀)ပေ၊ (RCC-၂ထပ်) ဆောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ (KG)အတန်းတွင် ကျောင်းသား၊ကျောင်းသူ(၄၈)ဦး၊ (Grade-1) အတန်းတွင် (၈၆)ဦး၊ (Grade-2) အတန်းတွင် (၉၅)ဦး၊ (Grade-3) အတန်းတွင် (၅၉)ဦး၊ (Grade-4) အတန်းတွင်(၈၃)ဦး၊ (Grade-5) အတန်းတွင် (၈၂)ဦး စုစုပေါင်း(၄၅၃)ဦး ပညာသင်ယူလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် အမက(ခွဲ)(၁)ကျောင်း၊ အမက(၁၂၉)ကျောင်း၊ မူလွန်(၂၆)ကျောင်း၊ အလက(ခွဲ)(၈)ကျောင်း၊ အလက(၂)ကျောင်း၊ အထက(ခွဲ)(၉)ကျောင်းနှင့် အထက (၁၁)ကျောင်းရှိကြောင်း သိရသည်။
သက်မောင်