ပုသိမ်မြို့တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပုသိမ် စက်တင်ဘာ ၈

ရပ်ကွက်နေပြည်သူများ၏ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန် က ပုသိမ်မြို့၊ အမှတ် () ရပ်ကွက်၊ ကုသိနာရုံဓမ္မဗိမာန်တော်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား တစ်ဗူးလျှင် (၃၃၀၀/-) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၈၀/-)ကျပ်၊ ဆား(၅၀)ကျပ်သား တစ်ထုပ်လျှင်(၁၅၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ကြက်ဥ (၅)လုံး၊ ဆား(၅၀) ကျပ်သားတို့ ရောင်းချပေးခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် ဆန်(၂၀)အိတ်၊ ဆီ(၅၀)ကျပ်သားဗူး (၂၂၀)ဘူး၊ ကြက်ဥ (၁၅၀၀)လုံး၊ ဆား(၅၀)ကျပ်သားထုပ် (၂၀၀) ထုပ်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်နေ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်