လှိုင်းဘွဲ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ကြာအင်းဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင်ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ကို ပြီးပြည့်စုံစွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ အမှတ်(၂)တပ်နယ်မှူးဗိုလ်မှူးကြီးစောကြာအင်း၊ ဘုန်းတော်ကြီးများ၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကရင်ယဉ်ကျေးမှုအနုပညာ အစည်းအရုံးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ အမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူး နေ့မြတ်ပြီးပြည့်စုံစွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များကို ခွဲဝေချထားပေးခြင်းစသည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စောဖိုးခွါး(ပြန်/ဆက်)