ညောင်ဦးမြို့နယ် ၈၅ နှစ်နှင့်အထက်  အဘိုးအဘွား ၁၂၉၉ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ညောင်ဦး  စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အသက် ၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်းက လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း၊ လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားသည်။ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများ(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် အဘိုးအဘွား (၁၂၉၉) ဦးအတွက် (၃၈၉၇၀၀၀၀) ကျပ်သုံးရာရှစ်သိန်းခုနှစ် သောင်းတိတိအား ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အဘိုးအဘွားများလက်ဝယ်အရောက် ပေးအပ်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ