သာယာဝတီ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြီးမှူးကျင်းပသော (၅/၂၀၂၂) ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အ.ထ.က(စံရွေး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းကို စက်တင်ဘာလ ၅ရက်မှ ၇ ရက်ထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းအတွက် ကူညီပံ့ပိုးပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြုလက်မှတ်များ၊ သင်တန်း ဆင်း အောင်လက်မှတ်များနှင့် သင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)