ပေါင်မြို့နယ်၌ ကမ္ဘာ့ရှေ့ဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ပြုလုပ်

ပေါင် စက်တင်ဘာ  ၈

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကမ္ဘာ့ရှေ့ဦးပြုစု​ခြင်းနေ့ အထိမ်းအမှတ်အကြောင်းသိကောင်းစရာ  အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခြင်းကို​ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကမ္ဘာ့ရှေ့ဦးပြုစုခြင်း အထိမ်းအမှတ်အကြောင်းဖြစ်ပေါ်လာပုံများ၊ ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေ့ဦးပြုစုခြင်းမှာ ကဏ္ဍစုံဖြင့် ပါဝင်ဆောင်ရွက်နေရကြောင်း အချိန်မရွေးနေရာမရွေး ကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေကြောင်း ဆွေးနွေးသည်။

တစ်ဆက်တည်းမှာပင် တပ်ခွဲမှုး ဒေါ်နှင်းအိဖွေးလွင်က ရှေးဦးပြုစုခြင်းဆိုတာ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ရုတ်ချည်းဒဏ်ရာရသူများသို့ နားလည်တတ်ကျွမ်းသူ ဆရာဝန်(သို့)ကုသသူထံ မရောက်မီ ဒဏ်ရာအခြေအနေ ပိုမိုမဆိုးဝါးစေရန်နှင့် အသက်နှင့်ခန္ဓာတည်မြဲဖို့ ပြုစုပေးတာဖြစ်ပါကြောင်း၊ ရှေ့ဦးပြုစုခြင်းပညာမှာ

အခြေခံသင်တန်း၊ သာမာန်သင်တန်း၊ နည်းပြသင်တန်း၊ မိသားစုပြန်လည်ဆက်သွယ်ရေး၊ အခြားသင်တန်းများလဲ ပို့ချလျက်ရှိနေပါကြောင်း၊ အခြေခံသင်တန်းပြီးသည်နှင့် ရှေ့ဦးပြုစုခြင်းသင်တန်းကို ဆက်လက်တက်ရောက်နိုင်ကြောင်း ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show ပြုလုပ်ခြင်းဖြင့်  ပြည်သူများ အသိပညာများ တိုးပွားစေရန် ရည်ရွယ်ပါသည်။

မွန်မလေး (ပြန်/ ဆက်)