မြောင်းမြ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းအား လျာထားချက် အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြောင်းမြမြို့နယ်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ နေ့စဥ်ဆောင်ရွက်ခဲ့ပြီး၊ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း (၉၄၆၃၇)စုကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ အိမ်ထောင်စုပေါင်းထည့်သွင်းပြီးစီးမှုမှာ (၆၅၈၄၃)စု ရှိပြီး၊ ပြီးစီးမှုရာခိုင်နှုန်း(၆၉.၅၇%) ပြီးစီးကြောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ဦးစီးမှူးထံမှ သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)