ဇေယျာသီရိ စက်တင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဌ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြု တတ်စေရန်ရည်ရွယ်ချက်ဖြင့် ယခုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားရှင်းလင်းသည့် အကြောင်းအရာများကို စနစ်တကျလေ့လာသင်ယူပြီး မြေပြင်လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက် သွားကြဖို့လိုကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ပြီး၊ လူကုန်ကူးမှုများ ဖြစ်ပေါ်လာခြင်းနှင့် တွန်းအားဆွဲအားများ၊ လူကုန်ကူးမှု လူမှောင်ခိုမှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှု ခြားနားချက်များ၊ ကမ္ဘာ့နှင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသောလူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ် နှင့်လူကုန်ကူးခံရသူများ၏ အရေးပါမူ၊ လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော် ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေး ပုံစံများအသုံးပြုခြင်း ပညာရပ်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမှတ်(၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူးရုံးမှ ရဲမှူးမြင့်အောင်၊ အမှတ်(၃) လူကုန်ကူးမှ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (တပ်ကုန်း) ရဲတပ်ဖွဲ့မှ ရဲအုပ် ဟန်ဇော်တို့က သင်တန်း ကာလ(၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)