အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ် ဆေးခြင်းများကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြ သည်။
Sep 08,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာ ၇ ရက် မွန်းလွှဲ ၂ နာရီခွဲခန့်က အလက-ဘောဂဗလ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2022
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ သင်ကြားရေးဆရာမများအား ထောက်ပံ့ကြေးငွေနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့် ယဉ်ကျေးသော လူမှုဆက်ဆံရေး Talk Showကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ၆ ရက်နေ့၌ ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော နေအိမ် (၁၂)လုံးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ဒေါင့်ကြီးကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီး ကျောင်းတွင် ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာမြို့ လယ်တီကွင်းရပ် အင်္ဂပို လမ်းမကြီးတစ်လျှောက်နှင့် ဟင်္သာတမြို့ဝင် နတ်မော်စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့သည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်များရရှိစေရန်ရည်ရွယ်၍ ယနေ့ညနေ ၃ နာရီ အချိန်က ပုံတူပန်းချီပြိုင်ပွဲ ၊  ဒိုးဇက်ထိုး​ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပသည်။