ညောင်တုန်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့် ယဉ်ကျေးသော လူမှုဆက်ဆံရေး Talk Showကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် စာရေးဆရာ မင်းဝေမှူးတို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ လူတစ်ယောက် ယဉ်ကျေးခြင်း၊ မယဉ်ကျေးခြင်းကိုတိုင်းတာပုံ၊ ယဉ်ကျေးမှုတွင် စံထားလောက်သည့်အချက်များ၊ ယဉ်ကျေးသောလူမှုဆက်ဆံရေး ဖြစ်ထွန်းစေရန် ပြုပြင်လုပ်ဆောင်ရမည့်အချက်များ၊ ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေးမှု၊ လူငယ်များအနေဖြင့် ယဉ်ကျေးသောလူမှုဆက်ဆံရေးမှ အောင်မြင်သောဘဝ စသည့်အကြောင်း အရာများကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လွှင့်တင်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)