ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ် (၁၂)လုံး တို့အား ထောက်ပံ့ငွေပေးအပ်

ပန်းတနော်  စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ၆ ရက်နေ့၌ ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော နေအိမ် (၁၂)လုံးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ဒေါင့်ကြီးကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီး ကျောင်းတွင် ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။

ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော နံဂါတ်ရိုး ကျေးရွာ၊ ကျောင်းတော်ကလေးကျေးရွာနှင့် နံဂါတ်ကျေးရွာတို့ရှိ နေအိမ် (၁၂)လုံး၊ အိမ်ထောင်စု (၁၂) လူဦးရေ (၄၅)ဦးတို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ နေအိမ် (၁)လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် နေအိမ် (၁၂)လုံးအတွက် စုစု​ပေါင်းငွေကျပ် ၁,၂၀၀,၀၀၀နှင့် ဆန်ရိက္ခာဖိုးငွေ လူတစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် လူဦးရေ (၄၅)ဦးအတွက် စုစုပေါင်း ငွေကျပ် ၉၄၅၀၀ တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဇေယျာမြင့်၊ မအူပင်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးအရာရှိ ဦးဟန်လင်းထွဋ်တို့မှ ကမ်းပြိုဘေး သင့်အိမ်ထောင်ဦးစီးများထံ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)