လောင်းလုံးမြို့နယ်၊ လူအခြေပြုဗဟိုဌာန Community Centre တွင် ဉာဏစွမ်းရည်များ ရရှိစေရန် ပြိုင်ပွဲများကျင်းပ

လောင်းလုံး  စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်များရရှိစေရန်ရည်ရွယ်၍ ယနေ့ညနေ ၃ နာရီ အချိန်က ပုံတူပန်းချီပြိုင်ပွဲ ၊  ဒိုးဇက်ထိုး​ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍  ပြိုင်ပွဲအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကာ ဆုရရှိသူများအား အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့၍ နံရံကပ်စာစောင်အား ပြသကာ ကျောင်းသား၊ သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြာင်း သိရသည်။

သိန်းသိန်း( လောင်းလုံး)