ဗန်းမော် စက်တင်ဘာ ၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များကို ပြောကြားပြီး တက်ရောက်လာသည့် ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများတို့က “မောင်မောင်၏ လက်ဆေးကဗျာ” ရုပ်ပြစာအုပ်နှင့် “ကလေးတို့အတွက် မြန်မာစကားပုံများ” ရုပ်ပြစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကာ ကျောင်းသားကျောင်းသူများက ဖတ်ကြားဆွေးနွေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ယင်းနောက် ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသ ထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)