ရွှေကူမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ် စာစောင်များပြသ

ရွှေကူ       စက်တင်ဘာ       ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာ ၇ ရက် မွန်းလွှဲ ၂ နာရီခွဲခန့်က အလက-ဘောဂဗလ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အလက-ဘောဂဗလကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပုပုစိန် က ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ကိုသိရှိပြီး ကြိုတင် ကာကွယ်ရှောင်ရှား တတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဟောပြာပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပြီး မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးတင့်နိုင် က လူကုန်ကူးမှုဆိုသည်မှာ ၊ လူကုန်ကူးမှုပေါ်ပေါက်လာ သည့် အကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိက အကြောင်းအရာများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ တားဆီးကာကွယ်ရန်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ် များကို ကျောင်းသားကျောင်းသူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဟောပြော ခဲ့ကြရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ စုစုပေါင်း (၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ 

ယင်းနောက် အဆိုပါအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ခင်ပပသိန်း(ပြန်/ဆက်)