သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်း များဆောင်ရွက်

သာပေါင်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ် ဆေးခြင်းများကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင်သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွား ပြည်သူများ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင် ဆောင်သွားလာကြရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တပါတည်းယူဆောင် လာကြရန်၊ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူ ပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှု မရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဉ်များမှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်း မရှိစေရေး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်း၍ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး ပြည်သူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေး စီစစ်အသိ ပညာပေးခြင်းများ၊ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန်အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်