အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လူစည်ကားရာလမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမတွင် ယနေ့နံနက်(၁၀) နာရီခွဲက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို  ယနေ့ နံနက် (၁၀)နာရီအချိန်က ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၆)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို  စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သံဒင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အခမ်းအနားကို “သင်ယူမှုဝန်းကျင်များချဲ့ထွင်သင်ကြားယူကြစို့” ဆောင်ပုဒ်ဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Sep 08,2022
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သောအားဖြင့် ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာရေပြင်၌ ကျင်းပခဲ့သည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင်  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့် Moble စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဆောင်ရွက် ခဲ့သည်။