ဟင်္သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်

ဟင်္သာတ     စက်တင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာမြို့ လယ်တီကွင်းရပ် အင်္ဂပို လမ်းမကြီးတစ်လျှောက်နှင့် ဟင်္သာတမြို့ဝင် နတ်မော်စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး ဦးဆောင်သော ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ လမ်းသွားလမ်းလာပြည်သူများအား Mask များအခမဲ့ဖြန့်ဝေခဲ့ရာ Mask ၄၀၀၀ ခု ကို ဝေငှခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများ Mask ပုံမှန်တပ်ဆင်ကြရန် အသိပညာပေးခဲ့ကြောင်းသိရသည်။

ကိုဇော် - ဟင်္သာတ