အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2022
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၇ ရက်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ကြောင်း သိရသည်။
Sep 09,2022
မိုးကုတ်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများသည် ဒေသခံပြည်သူများ၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Sep 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အင်းတိုင်စုကျေးရွာရှိ တောင်သူဒေါ်ခင်အေး၏ လယ်မြေကွင်းအမှတ်(၇၀၈-ခ)၌ ကျင်းပကြောင်း သိရသည်။
Sep 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ကြသည်။
Sep 09,2022
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသော အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့် က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ သည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဒါးကကျေးရွာအုပ်စု၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Sep 09,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ စျေးများနှင့် လူစည်ကားရာနေရာများ၌ စျေးရောင်း စျေးဝယ်များ၊ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။