အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အသင်းစုရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ ကျိုင်းတုံမြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။
Sep 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက် ခင်းများ စိုက်ပျိုးထားရှိ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီ အဆိုပါ စံပြစိုက်ခင်းများသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဦးစီးမှူးတို့က မြို့နယ်စိုက်ပျိုးရေးဝန်ထမ်း များ စွမ်းဆောင်ရည်မြင့်မားရေးအတွက်ရည်ရွယ်၍ စာတွေ့၊ လက်တွေ့နည်းပညာများ ဆွေးနွေး ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 10,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေး အတွက် နေ့စဉ် သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေး ရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
Sep 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်စေရန် ယနေ့နံနက် ၈နာရီက လူစည်ကားသည့် မြို့တွင်း ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနှင့် မြို့အဝင်တိုးဂိတ်တို့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိ ပညာပေးပြုလုပ်ခြင်းဆောင်ရွက်ခဲ့သည်။
Sep 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဝိဝေကာရာမ ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီခွဲက မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
Sep 10,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီး ဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုကြသည်။
Sep 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၏ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ပန်းခင်းစီမံချက် (၂) ဖြင့်  အခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား