ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နေ့စဉ်သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင်

ပွင့်ဖြူ         စက်တင်ဘာ        ၁၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေး အတွက် နေ့စဉ် သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေး ရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး နှမ်း မြေပဲ နေကြာ ပဲတီစိမ်း ပဲထောပတ် ကုလားပဲ ပဲစင်းငုံ ဖူးစားပြောင်း စသည့် သီးနှံများကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာများ၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေ ရေးအတွက် နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင် ဟင်းသီး ဟင်းရွက်သီးနှံများဖြစ်သည့် ခရမ်းချဉ် ဘူး ဖရုံ သခွါး ခရမ်း မုံလာဥနီ မုံလာဥဖြူ ပန်းမုံလာ ဂေါ်ဖီထုပ် ဆလပ် မုံညှင်း ကြက်ဟင်းခါး တိုင်ထောင်ပဲသီး ပဲရှည်သီး   ငရုတ် ကြက်သွန် စသည့် သီးနှံများကို မုန်းချောင်းရေနှင့် မြေအောက် ရေကို စနစ်တကျ အကျိုးရှိစွာ အသုံးချပြီး အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် လုပ်ကိုင်ကြတာပါ။ စိုက်ပျိုးရေကလည်း မဲဇလီ ရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနဲ့ မြေအောက်ရေလည်း အဆင်ပြေစွာ ရယူစိုက်ပျိုးနိုင်တာကြောင့် နွေ မိုး ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ စပါး နှမ်း မြေပဲ နေကြာ ပဲတီစိမ်း ပဲထောပတ် ကုလားပဲ ပဲစင်းငုံ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးတာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ ဒေသခံတောင်သူ တွေက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိအောင် စားဖိုးဆောင်ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေး ကိုလည်း တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ခုလို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့ အတွက် ခုလို တွဲဖက်စိုက်ပျိုးလုပ်ကိုင်တဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုး ရေးလုပ်ငန်းက မိသားစုအတွက် အပိုဝင်ငွေရရှိတော့ အထိုက်အလျောက် အဆင်ပြေတာပေါ့ဗျာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ အခြားသီးနှံတွေထက် ဘူးနဲ့ ဖရုံသီးနှံကတော့ အသီးရော အညွန့်ရော ()မျိုး ဆွတ်ခူးရောင်းချရလို့ ပိုပြီးဝင်ငွေကောင်းပါတယ်။ ဒါ့ကြောင့် အခြားသော ဒေသခံတောင်သူ တွေကိုလည်း မိသားစုစားဝတ်နေရေး အဆင်ပြေစေဖို့ စားဖိုဆောင်ဟင်းသီး ဟင်းရွက်သီးနှံကို တွဲဖက်စိုက်ပျိုးစေချင်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။ 

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )