အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၈ နာရီက အမှတ်(၆)ရပ်ကွက်ရှိ တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန်အတွက် ဆန် ၁ ပြည်လျှင် ငွေကျပ် ၁၆၀၀ နှုန်း၊ ဆီတစ်ပိသာလျှင် ငွေကျပ် ၅၃၀၀ နှုန်းနှင့် ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၁၇၅ နှုန်းဖြင့် စျေးနှုန်း သက်သာစွာရောင်းချပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူ ခဲ့ကြသည်။
Sep 10,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကန်ကြီးကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သော မင်းလှကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.ထ.က ကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အသိပညာ‌ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့ သည်။
Sep 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် အ.မ.က (၁) ကျောင်းတွင် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ယုဇနလမ်း၊ ဇေယျသိဒ္ဓိ ဓမ္မါရုံ၌ ယနေ့နံနက် ၉း၃၀နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချနေမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
Sep 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာတပ်ဆင်မောင်းနှင်ကြ ခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်၊ ဖျာပုံတံတားကြီးဘေးတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဟောပြောပွဲ ပြုလုပ်သည်။
Sep 10,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်-နှောကန်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည် ။
Sep 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ စက်တင်ဘာ ၁၀ ရက်၊ တစ်ရက်ထဲ တွင်ပင် လူဦးရေ တစ်သောင်းကျော်လာရောက်ဖူးမြှော်ကြကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန(ပုဂံ)ရုံးခွဲထံကသိရသည်။