အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယမန်နေ့ညနေပိုင်းက မြို့နယ်မီး သတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦး ထွန်းဝင်းနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 11,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးသူဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၁၆ ဌာနပါဝင်သော စစ်ကြောင်းအဖွဲ့(၂)သည် စက်တင်ဘာလ၉ရက် နံနက် ၉နာရီက ပခုက္ကူမြို့နယ် ၊ကုက္ကိုလှကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Sep 11,2022
ကချင်ပြည်နယ်၊ ကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီခန့်က အ.ထ.ကကာ မိုင်းမြစိမ်းရောင်ခန်းမတွင် ကျင်းပခဲ့သည်။
Sep 11,2022
မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 11,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ်၁ နာရီခွဲအချိန်က တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးခဲ့သည်။
Sep 10,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျွန်းတော ကံသာယာရပ်ကွက်၊ ကံသာယာ(၁၀)လမ်းထိပ်၌ ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၁၀ နာရီက၊ ကံသာယာ(၁၀)လမ်းထိပ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 10,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က အ.ထ.က ကာမိုင်းမြစိမ်းရောင်ခန်းမတွင် ကျင်းပခဲ့သည်။
Sep 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန့်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် BA-4၊ BS-5 ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့်