အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ နာရီစင်ဈေးတွင် ပြည်သူများအား အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 10,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းမတော်လမ်းနှင့် မြိုမဈေးတို့၌ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့ကြသည်။
Sep 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း  Mask  များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီ အချိန်က  မြို့လယ်တံတားထိပ်၌  ပြုလုပ်ခဲ့သည်။
Sep 10,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို၊ ယနေ့နံနက်(၉:၃၀)နာရီက အဆိုပါကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 10,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ ၉.၉.၂၀၂၂ ရက်​နေ့တွင် ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ရန်ကင်း မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။