တပ်ကုန်းမြို့နယ်၌ Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

တပ်ကုန်း     စက်တင်ဘာ    ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်စေရန် ယနေ့နံနက် ၈နာရီက လူစည်ကားသည့် မြို့တွင်း ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနှင့် မြို့အဝင်တိုးဂိတ်တို့တွင်  Mask Campaign ပြုလုပ်ခြင်းနှင့် အသိ ပညာပေးပြုလုပ်ခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံခရီးသွားများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို တပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင် သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်စေရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ စေရန်အသိပညာပေးပြောကြားခြင်း နှင့်နှာခေါင်းစည်း (Mask)ကို အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်