ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

မောင်တော စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်  လမ်းသွားလမ်းလာ ပြည်သူများအား  နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင် များက မြို့မနာရီစင် လမ်းမကြီးအနီးရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြပြီး နှာခေါင်းစည်း Mask  (၁၂၅၀) ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး