မင်းလှမြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မင်းလှ စက်တင်ဘာ ၁၁

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၉ ရက်က စုပေါင်း သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး‌ ကျော်ကျော်ခိုင် ဦးစီး၍  မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လိုအပ်လျှင် အသင့်အသုံးပြု နိုင်ရန် စုပေါင်းသွေးလှူဒါန်းခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)