ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၍ ဒေသလိုအပ်ချက်များ ကွင်းဆင်းဟောပြာ

ရွှေပြည်သာ စက်တင်ဘာ ၁၁

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စုဝင် ပြည်သူများထံ ပေးအပ်ခဲ့သည်။

ထို့နောက် ရွှေပြည်သာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်း ဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁၀)ရပ်ကွက်ရှိ ပြည်သူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြော၍ ဒေသ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာတွင် မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အသက် (၁၀)နှစ်ပြည့် နိုင်ငံသားကတ် လျှောက်ထားသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားကတ် လျှောက်ထားသူ များ၊ နိုင်ငံသားကတ် အသစ်လဲလှယ်လျှောက်ထာသူများ၊ နိုင်ငံသားကတ်ပျောက်ဆုံး၊ ပျက်စီးလျှောက်ထားသူ များကို သတ်မှတ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)