အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယနေ့နံနက် (၁၀:၃၀) အချိန်က ငါးသိုင်းချောင်းမြို့ အ.ထ.ကကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ)သည် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့မနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jan 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်း စနစ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ်စံပြကွက် စိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 07,2026
ပညာရေးကဏ္ဍမြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက  မြို့မစျေးအတွင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။