အမြို့မြို့အနယ်နယ်သတင်းများ

May 19,2025
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅/ ၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ၊မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
May 19,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
May 19,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအား ဘာာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ သင်ကြားပို့ချပေးလျက်ရှိ‌ကြောင်း သိရသည်။
May 19,2025
မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများ အသင်းမှ ဦးစီးကျင်းပသည့်(၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ 9 Thailand Education Fair (Myanmar)အား မေ ၂၄ ရက်(စနေ့နေ့)တွင် နံနက်၉ နာရီမှ ညနေ ၄ နာရီအထိရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။
May 19,2025
မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်က ကြီးမှုး၍ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲယှဥ်ပြိုင်ရန်အတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ်၊ စက်ရုံလမ်းရှိမြို့တော်စည်ပင်ဝန်ထမ်းအိမ်ရာ (မအူကုန်း) အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ 
May 19,2025
အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေနှင့် ဆန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ကြသည်။