Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး
Jan 08,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် တာဝန်ထမ်းဆောင်မည့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်ရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ မဲရုံတည်ဆောက်မှုအခြအနေများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ မဲရုံတည်ဆောက်မှုအခြအနေများကို ယနေ့ ညနေပိုင်းက တာဝန်ရှိသူများ သွားရောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ လိုက်လံကြည့်ရှုစစ်ဆေး
Jan 08,2026
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသုံးပြုမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေး နည်းပညာပေး ဆွေးနွေး
Jan 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လုံးကျွတ် နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jan 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ဆရာတော်များ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် မြို့နယ်လုံးကျွတ်နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမစလင်းကျောင်းတိုက်ရှေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ အလှူငွေများလှူဒါန်း
Jan 08,2026
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်များသို့သွားရောက်၍ အသင်းတော် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jan 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ သစ်လေးလုံးနှင့် နတ်သရဲကျေးရွာ တောင်သူများ၏ ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကြိုတင်ဆန္ဒမဲပုံများ၏ လုံခြုံမှုအဆင့်အတန်းအား ကြည့်ရှုစစ်ဆေး
Jan 08,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်ရုံး၌ ကြိုတင်ဆန္ဒမဲပေးသည်နေရာ၊ မဲပုံးများ၏ လုံခြုံမှုအဆင့်အတန်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1614
Page
1615
Page
1616
Page
1617
Current page
1618
Page
1619
Page
1620
Page
1621
Page
1622
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department