ကွန်ဟိန်းမြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကွန်ဟိန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက  မြို့မစျေးအတွင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

အဆိုပါ လက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်”၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများတို့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)