အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 07,2026
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇန ခန်းမ၌ ကျင်းပသည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့‌ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင် စာရေးဆရာမ မတင်ဝင်း (သတ္ထုတွင်း)၏ "လွမ်းမောတမ်းတရတဲ့နွေရက်များ" ရသ ဝတ္ထုဖြင့်ဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာ ပါဝင်မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ ယနေ့နံနက်၆နာရီခွဲက “ဒို့အတူမဲပေးကြမယ်” နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
Jan 07,2026
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌  ယာဥ်မောင်းနှင်းသူများသည် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးရေး အပတ်စဉ် စစ်ဆေးခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံအလုပ်ရုံဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွဲခြံဒေါင့်အုပ်စု၊ သပြေငူကျေးရွာဝင်းမေတ္တာဆန်စက်၌ ဇန်နဝါရီ ၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ဇီးကုန်းမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသူများနှင့် ပျောက်ဆုံး၊ ပျက်ဆီး၊ လှဲလှယ်ခြင်းတို့အား One Stop Service ဖြင့် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိဆောင်ရွက်ပေးလျက်ရှိသည်။