အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၊ ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ ဖေမြင့်ရေးသားသည့် “ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်သောသူ” စာအုပ်အား ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်ထုတ်ယူလျက်ရှိကြသည်။
Jan 07,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းအဆင့်တာဝန်ရှိသူများသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တာဝန်ရှိသူများအား ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေးသည်။
Jan 07,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်  ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် မဲရုံအဖွဲ့ဝင်များအား(MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(တနင်္သာရီ)‌ကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 07,2026
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၇)ရက် ‌မွန်းလွဲပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Jan 07,2026
စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။