ဒေးဒရဲ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက မျိုးသုဉ်းရှားပါးရေနေ နို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ဒေးဒရဲ၊ ဖျာပုံ၊ ရန်ကုန်ကားလမ်းမပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ် အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာစိုက်ထူခြင်းကို ဌာနဆိုင်ရာများ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများအား ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၈)၊ (၅/၂၀၂၂) တို့ဖြင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ထုတ်ပြန်ထားပြီးဖြစ်သည့် လောင်းမန်းနုတ်သီးပါဝေလငါး၊ ကျောဘို့ပါလင်းပိုင်၊ ကြောင်လိန်ဂျွမ်းထိုးလင်းပိုင်၊ အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ ပုလင်းနုတ်သီးလင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ကျောရေယက်မဲ့လင်းရှူးနှင့် ရေဝက်စသည့် မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများအား ထိန်းသိမ်းကာကွယ်ရေး ဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် အသိပညာပေး မြေစိုက်ပိုစတာအား စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း
မြို့နယ် (ပြန်/ဆက်)