လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လွိုင်ကော်    စက်တင်ဘာ   ၁၂

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း ()ကြောင်းဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧက(၅၀၀)ရပ်ကွက်နှင့် ရေနီကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ()နာရီမှစတင်၍ ဧက(၅ဝဝ)ရပ်ကွက်  ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးထွန်းမှ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်း လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးကျော် က နိုင်ငံရေး ဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများကို လည်းကောင်း၊  စစ်ကြောင်းကြီး ()ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူလူထုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား လည်းကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် လွိုင်ကော်အခြေစိုက် အမှတ်()တပ်မတော် စစ်ဆေးရုံမှ အရာရှိနှင့် စစ်သည်များမှ ပြည်သူလူထုများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ စိစစ်ဆောင်ရွက်ခြင်းနှင့် လူမှုဝန်ဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်ခြင်း ပြည်သူလူထု (၂၇၀) ဦးခန့် တက်ရောက်ခဲ့သည်။ ဆက်လက်၍မွန်းလွဲ ()နာရီတွင် ရေနီကန်ကျေးရွာ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)