ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ငဖဲ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၉နာရီက ပေါင်းကလေးကျေးရွာ ဓမ္မာရုံသို့ သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ကြရာတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးလှိုင်၊ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်ဝင်းနှင့် ဌာနဆိုင်ရာများက အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ပြစ်မှုပြစ်ဒဏ်နှင့်ဥပဒေများ၊ ရပ်ရွာလုံခြုံရေးအား လုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ရေပြည့်ထိုးနှံပြီးစီးရေး၊ နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားဆောင် ရွက်မှုဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မိုးစပါးများ အချိန်မီ စိုက်ပျိုးပြီးစီးရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးနှင့် ဝါသီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ သွင်းအားစုပစ္စည်းများ ထုတ်ပေးမှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများကို စနစ်တကျခုတ်ယူသုံးစွဲရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သားသတ်လိုင်စင်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့်ပြည်သူများက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပုံစံ(၇)ထုတ်ပေးရေးဆိုင်ရာ ကိစ္စများကို တင်ပြဆွေးနွေးရာ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် သက်ဆိုင်ရာဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု (ပြန်/ ဆက်)