ကျွန်းလှမြို့နယ်၌ အခြေခံစားသောက်ကုန် (၄) မျိုးအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ကျွန်းလှ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက် ဈေးရှေ့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုးကို ယနေ့နံနက် ၇ နာရီက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ စာသောက်ကုန်ပစ္စည်း (၄) မျိုးပါတစ်ထုတ်ကို ငွေကျပ် ၃၅၀၀ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး၊ ယနေ့ ပြည်သူများအား ဆန် ပြည် ၂၀၀၊ ဆီ ၂၀ ပိဿာ၊ အာလူး ၅၀ ပိဿာ၊ ကြက်သွန်နီ ၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးနေခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ပြီး ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် တစ်ပတ်လျှင် တစ်ကြိမ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ ဆက်)