တနင်္သာရီမြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

တနင်္သာရီ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ၂၀၂၂-၂၀၂ခု၊ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂) နှစ်မှ(၁၈)နှစ်အကြား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံပြီး (၃)လ ကြာပြီးဖြစ်သောကျောင်းသူ/သားများအား ယမန်နေ့က  ကျန်းမာရေးဌာန ဆရာမများက သက်ဆိုင်ရာဆေးထိုးစုရပ် ကျောင်းများသို့ ကွင်းဆင်း၍ Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

ယနေ့တွင် တနင်္သာရီမြို့နယ်၊ အထက- ညောင်ပင်ကွင်းကျောင်းဆေးထိုးစုရပ်မှာ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားကျောင်းသူ/သား (၁၇၅)ဦးကိုလည်းကောင်း၊ အလားတူ အလက(ခွဲ)-ညောင်ပင်ကွင်း(န) ကျောင်းတွင်(၂၆)ဦးနှင့် မူ(လွန်)ကျောင်း- မုတ်ဆိတ်ကွင်းတွင် (၁၇)ဦး ပေါင်း(၂၁၈) ဦးတို့အား ညောင်ပင်ကွင်းကျေးရွာကျေး လက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလမှ ကြီးကြပ်၍ ဆရာမများက ကွင်းဆင်းထိုးနှံပေးကြရာ ပညာရေးဌာန ဆရာ/မများက ပူးပေါင်းကူညီပေးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသေးသည့် ကျောင်း သူ/သား များကိုလည်း မကျန်ရှိစေရေးအတွက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနဆရာမများက အပူချိန်တိုင်းတာပေး၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးပါက နောက်ဆက်တွဲဆိုး ကျိုးများရှိ/မရှိ ကိုသိရှိနိုင်ရန် မိနစ်(၃၀)အကြာစောင့်ကြည့်ပြီး စနစ်တကျဆောင်ရွက်ပေးကြောင်း သိရ သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)