ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယနေ့၊ နံနက်(၈)နာရီက မြို့မဈေးလမ်းတစ်လျှောက် လမ်းသွား လမ်းလာပြည် သူများအား နှာခေါင်းစည်း (Mask)များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ညွှန့်ဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေ နီတပ်ဖွဲ့ဝင်များက မြို့မဈေး ကြီးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် ဈေးလမ်းတစ်လျှောက် လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို Hand Spaker ဖြင့် အသိပေးနှိုးဆော်ပေးခဲ့ကြပြီး၊ နှာခေါင်းစည်း Mask အခု(၁၅၀၀)ခန့်အား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင် (ပြန်/ဆက်)