ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်

ချောင်းသာ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာ​မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ရွှေသာယာမြို့မစျေးကြီးအတွင်း စျေးရောင်း၊ စျေးဝယ်များ၊ လူစည်ကားသည့် လမ်းဆုံလမ်းခွများတွင် သွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နေအိမ်ပြင်ပသွားလာပါက မဖြစ်မနေ Mask များ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင် သွားလာခြင်း မရှိသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်စေရန်အတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်

ချောင်းသာ၊ ပြန်/ဆက်