ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင် သွားလာရေး လှုပ်ရှားမှုပြုလုပ်

ပန်းတနော်၊ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး လှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် စျေးရောင်း စျေးဝယ်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ်မှ အပြင်သို့ ထွက်ခွာသွားလာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)