လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံလူတန်းစားများဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥနှင့်ဒေသထွက် အသီးအနှံများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

လှိုင်သာယာ(အရှေ့ပိုင်း)  စက်တင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၀န်ထမ်းများမှ ယမန်နေ့နံနက် ()နာရီတွင် ညောင်ကျေးရွာ မင်းကြီးလမ်း၌ အခြေခံလူတန်းစားများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဒေသထွက်အသီးအနှံများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံစားသုံးကုန်ဖြစ်သည့်  ဆန်၊ ဆီ၊  ကြက်ဥများ ဈေးနှုန်းချိုသာစွာ ပြည်သူများအား ၀ယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင်  ဆီ ၅၀သား (၂၆၅၀)ကျပ်၊ ဆန်တစ်ပြည်လျှင် (၁၅၈၅)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၇၅)ကျပ်နှုန်းဖြင့် ကြက်ဥ()လုံးကို (၈၇၅)ကျပ်နှင့် ဒေသထွက်အသီးအနှံများအား လွတ်လပ်စွာဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်ရေး စျေးရောင်းချပေးလျက်ရှိသည်။

အခြေခံစားသုံးကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီး၊ ဟင်းရွက်များရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍  သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)