ဒဂုံမြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ဒဂုံ     စက်တင်ဘာ    ၁၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒဂုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့နံနက် နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်နေ့အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ တွင်ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို  တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်၊ အထကကျောင်းနှင့် အလကကျောင်းများက ကျောင်းအုပ်ကြီးတို့က ကြီးကြပ်ကွပ်ကဲ၍ ကြည့်ရှုအားပေးခဲ့ကြသည်။

စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် "အကျွန့်ဆရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ ယှဉ်ပြိုင်မှုတွင် "ဘဝလမ်းညွှန်၊ဆရာမွန်" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်သူများအား ပြိုင်ပွဲခေါင်းစဉ်များအလိုက် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မေသန္တာ