လွိုင်ကော် စက်တင်ဘာ ၁၂
ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ၂၀၂၂ ခု အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦး၊ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးထင်အောင်လင်း တို့ဦးစီး၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၅)မှုခင်း ရဲတပ်ဖွဲ့စု (CID)၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (လွိုင်ကော်)၊ လူကုန်တားရဲတပ်ဖွဲ့စု၊ ရဲအရာရှိ/ အရာခံ/ အကြပ်/ တပ်သား/ ရဲမေ တပ်ဖွဲ့ဝင်များ စုစုပေါင်း (၉၂)ဦးခန့်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် အခါအားလျော်စွာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဆေးရုံကြီးတွင်လည်း သွေးလှူဒါန်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)