အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ ပုံပြင်ပြောပြခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူဖြင့် အရုပ်ခေါက်ပြခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို online မှ နေ့စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့  ဌာနဆိုင်ရာရုံးအဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းခြင်းကို သပြေခန်းမ၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် (၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား/သူများအား စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေး အကြောင်းအရာများ၊ ဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာပုံ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
Sep 12,2022
၂၀၂၂ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့်(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး အောင်စိုး ဦးဆောင်၍ ယနေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိဘုရားတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာရသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လေညာအရှေ့ရပ် ကွက်လမ်းဆုံ၌ အသိပညာပေးဆာင်ရွက်ခဲ့ကြောင်း သိရသည်။                                   
Sep 12,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား မြို့နယ်ရပ်ကွက်များအလိုက် နေ့စဉ်ရောင်းချပေးလျက်ရှိရာ
Sep 12,2022
(၂၃)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊​ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။