ဘုတ်ပြင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ဌာနဆိုင်ရာရုံးအဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းခြင်းကို သပြေခန်းမ၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးသတ်ဆေးဘူးမှာ မီးအတန်းအစားအမျိုးမျိုးအား ငြိမ်းသတ်နိုင်သည့် Dry Chemical Powder type 3kg မီးသတ်ဆေးဘူးအမျိုးအစားဖြစ်ပြီး၊ ဘုတ်ပြင်းမြို့တွင်ရှိသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အတွက် မီးသတ်ဆေး ဘူး (၁၁၀) ဘူး တန်ဖိုးငွေကျပ်(၃၇၀၀၀၀ဝ/)အား မြို့နယ်ဆရာဝန်ကြီးက လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက အမှာစကားပြောကြားပြီး မီးသတ်ဆေးဘူး အလှူအရှင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းကျော်နှင့် မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြို့နယ်မီးသတ်စခန်းတာဝန်ခံ (ဒု-မီးသတ် ဦးစီးမှူး) ဦးမျိုးကိုကိုဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)