ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ ပုံပြင်ပြောပြခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူဖြင့် အရုပ်ခေါက်ပြခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို online မှ နေ့စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တင်ဆက်ပေးလျှက်ရှိရာ ယနေ့နံနက် ၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူကုန်ကူးမှု အန္တရာယ်အသိပညာပေး (Talk Show) ကို ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Talk Show) တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူကုန်ကူးမှု အန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု၏အဓိပ္ပါယ်၊ လူကုန်ကူးခံရမှု၏ အဓိကအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးကြောင်းသိရသည်။

သန်းသန်းအေး (ဒဂုံတောင်)